စားခွင့်မကြုံတဲ့ ကမ္ဘာဦးပန်းသီးတစ်လုံး
အချုပ်အတည်းကြားက မြည်းစမ်းခဲ့
သီတင်းကျွတ်မတိုင်မီညက အရမ်းချိုတယ်
အဲဒီတစ်ညပါပဲ
နောက်ပိုင်းရက်တွေဟာ ရနံ့ နဲ့ တောင်ဝေးခဲ့
ရင်ဘတ်ချင်းအပ်ခဲ့ရာမြို့ မှာ အလွမ်းတွေနှစ်နှစ်တိုင်တိုင်
အနာဂတ်ရှိရာမြို့ မှာ အဆွေးတွေသုံးနှစ်တိုင်တိုင်
ငါးနှစ်လုံးလုံး ထွန်ယက်ခဲ့တယ်
ပေါင်းသင်ပြီး ရေမလောင်းပဲ နေခဲ့တယ်
အညှောင့်လေးပေါက်ချိန်က
သတိရလို့ ပေါ်လာတဲ့ ဖုန်းသံဟာ
ပြီးခဲ့သော ငါးနှစ်ကအတိုင်းပဲ
ပြန်မဖမ်းနဲ့ တော့ ကြည်ဇာလွင်ရေ
အခုမှ...
လွတ်တဲ့ငါးဟာ ကြီးမှန်းသိသလား
ဒီလိုဆို
ငါကလည်း အမိမခံခဲ့ပါဘူးကွယ်။
လုလင်ငယ်သွေး
ကျောင်းသားဘ၀ကထုတ်တဲ့ ကဗျာစာအုပ်ထဲမှာ ပါခဲ့ဖူးတဲ့ ကဗျာလေးပါ။ ကဗျာမရေးနိုင်သေးခင် အဆာပြေပေါ့။ အချစ်ကဗျာကို ကျွမ်းကျွမ်းကျင်ကျင် မရေးတတ်ရေးတတ်နဲ့ ရေးထားတာပါ။
Monday, April 13, 2009
Subscribe to:
Post Comments (Atom)
11 comments:
ကဗျာလေး မိုက်ပါတယ်..
အခုတော့ ကြည်ဇာလွင် ဘယ်ရောက်... ဒါဆိုရင်တော့
သူငယ်ချင်း ၃ယောက် အတူတူပဲ.း)
ငယ်ဘဝကကဗျာလေးလည်း ကောင်းနေဆဲပါညီလေးရေ
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ
လုလင်ငယ်သွေးရဲ့ ကလေးသာသာအရွယ်က ကဗျာပေါ့...
ဇ က...
ပြောပြနေစရာမလိုအောင်..ထင်ရှားနေတယ်.
ကဗျာဆရာ.အကောင်ပေါက်ကလေးရေားထားတာကလဲ..
လှ လို့ ပ လို့...
ကဗျာဆရာ.အကောင်ပေါက်ကလေး တဲ့
လှတယ်ပြောသွားတာ။
အခု ကြည်ဇာလွင် ဘယ်ရောက်နေပြီလဲဗျ..
ကျုပ်တောင် လွမ်းလာပြီ...။
တော်သေးတာပေါ့ မရေးတတ်ရေးတတ်ကလဲ
ငါးနှစ်လုံးရေလောင်းပေါင်းသင်ထားတဲ့ကဗျား)
ကြည်ဇာလွင်ရေ
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ
:D
ဒီကဗျာလေးကို တစ်ပုဒ်လုံးဖတ်ပြီး ကြည်ဇာလွင်ဆိုတာလေးကိုပဲ အားလုံးက ဖိုးကပ်စ်လုပ်မြင်သွားကြတယ်နော် ။ စာလုံးထဲမှာ တော်တော် အားပါသွားပုံရတယ် ။ :P
ကျောင်းတုန်းက မင်းပေးဖတ်ခဲ့တဲ့ ကဗျာလေးကို တစ်ခါပြန်ဖတ်သွားပါတယ် ။
ပိုက်ပြန်တိုးမိပြန်ပြီလား... အဟတ်ဟတ်... ကဗျာလေး အားရတယ်ဗျို့...
မရေးတတ်ခင်ကလို့ ပြောခဲ့တယ်နော်။
တော်သေးတာပေါ့ မရေးတတ်ခင်ကမို့လို့ပါပဲ။
လက်ဖျားခါမိတယ်။ =)
မရေးတက်ခင်ကမို့ပဲနော်...
ရေးများရေးတက်ရင်...
ကြွေဆင်းသွားမလားမှတ်ရ...
တယ်လဲပြောင်မြောက်လှသကိုး.....
အားပေးပါတယ်ဗျာ...ကဗျာလေးကို အားရပါးရဖတ်သွားပါတယ်.......
အခု ကြည်ဇာလွင် ဘယ်ရောက်နေပြီလဲ???
ကဗျာလေး မိုက်ပါတယ်..
Post a Comment